၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပေါ် ကိုဗစ် - ၁၉ ၏ စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ကဏ္ဍစုံ၊ ရှုထောင့်စုံမှ အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရွယ်၍ ကိုဗစ် - ၁၉ ကပ်ရောဂါကာလ ရွေးကောက်ပွဲ စကားဝိုင်းများ (the Virtual Dialogue on 2020 General Elections) ကို ပြုလုပ်ခြင်း ဖြစ်ပါသည်။

စကားဝိုင်းအမှတ်စဉ် (၁)
စကားဝိုင်းအမှတ်စဉ် (၁) တွင် PACE၊ ဖန်တီးအိမ်နှင့် ရောင်ခြည်သစ်အဖွဲ့တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး
-ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့လျှင် ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများ၊
-မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများအပါအဝင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သင့်သည့် အရာများ၊
-ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုပြုလုပ်ရန်အတွက် ရင်ဆိုင်ရနိုင်သည့် အခက်အခဲများ
စသည့်အကြောင်းအရာများအပေါ် အသေးစိတ် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
ပထမပိုင်း
ဒုတိယပိုင်း
တတိယပိုင်း
စကားဝိုင်းအမှတ်စဉ် (၂)
ယခင်က ရွေးကောက်ပွဲတွေမှာ ပထမအကြိမ်မဲပေးသူတွေ၊ မသန်စွမ်းတွေ မဲပေးနိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေ တွေ့ကြုံခဲ့ရလဲ။ အခုလို ကိုဗစ်-၁၉ကာလမှာရော ဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်မလဲ။
ကိုဗစ်-၁၉ ကာလမှာ ပထမအကြိမ်မဲပေးမယ့်လူငယ်တွေ၊ မသန်စွမ်းသူတွေဆီ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရောက်ရှိအောင်လုပ်ဆောင်ရာမှာ ဘယ်လိုစိန်ခေါ်မှုအသစ်တွေ ရှိနိုင်မလဲ။
၂၀၂၀ ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးမယ့် လူငယ်တွေ၊ မသန်စွမ်းတွေ မဲထွက်ပေးကြစေဖို့၊ သတင်းအချက်အလက်တွေ လက်လှမ်းမီရရှိစေဖို့၊ အသိပညာပေးရာမှာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ။
ထိုမေးခွန်းများအပေါ် PACE နှင့်အတူ MILI (မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့)၊ MYNFREL (လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးရေးအဖွဲ့) တို့က အသေးစိတ် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။
ပထမပိုင်း

ဒုတိယပိုင်း

တတိယပိုင်း
